မိုင်းဆတ်မြို့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရာဂိမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်ရှိပြည်သူများ၏ နေအိမ်များပျက်စီးခဲ့မှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရာဂိမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်ရှိ ပြည်သူများ၏ နေအိမ်များပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၁၆ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး‌နောက် မိုင်းဆတ်ခရိုင်၊ သဘာဝ‌ဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးညီညီ‌‌ထွေးက ရာဂီမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်အတွင်း ပျက်စီးမှုများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် အလှူငွေများအား ပေးအပ်ရာ ရာဂိမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့ရှိ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများက လက်ခံရယူခဲ့ကြ‌‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရာဂိမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့ရှိ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ရာဂိမုန်တိုင်းကြောင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးအုပ်စု(၂)အုပ်စုရှိ ရေမျှောပါ/ပြိုကျပျက်စီးနေအိမ်(‌၇၇)လုံးအတွက် နေအိမ်တစ်လုံးလျှင် ငွေကျပ် ၂၃ သိန်းငါးသောင်းနှုန်းဖြင့် ငွေကျပ် ၁၈၀၉၅၀၀၀၀/-၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၅၀)လုံးအတွက် နေအိမ်တစ်လုံးလျှင် ဆယ်ခုနှစ်သိန်းငါး‌သောင်းနှုန်းဖြင့် ငွေကျပ် ၈၇၅၀၀၀၀၀/-၊ စုစုပေါင်းနေအိမ်(၁၂၇)လုံးအတွက် တန်ဖိုးငွေကျပ် (၂၆၈၄၅၀၀၀၀/- )ကျပ်အား ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

လင်းထင်ကျော်(မိုင်းဆတ်)