ကမမောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကမမောင်း နိုဝင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့၊ သံလွင်ဦးမြို့မဈေး၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူးသုံးစွဲပြီး အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးသုံးစွဲပုံနည်းစနစ်များနှင့် မီးသတ်ဆေးဗူးဖြင့် ဖျန်းပက်ပုံတို့ကို လက်တွေ့သရုပ်ပြသသင်ကြားပေးပြီး ကမမောင်းမြို့ ဈေးသူ၊ ဈေးသားများက ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ ဖာပွန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်/ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကမမောင်းမြို့ (ပြန်/ဆက်)