လဟယ် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ရှားမှုအနေဖြင့် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှားဆက်က စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ဓါတ်ပုံကျွမ်းကျင်-၂) ဦးပါမင်းလိုင်က ဆောင်ရွက်ပြီး ဆွေးနွေးပွဲကိုစတင်ရာ မမာခူးလှိုင်ညူ (Grade-10)နှင့် မောင်လားငူး (Grade_10)တို့မှ (လူငယ်နှင့်စာရိတ္တ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မညက်သိန်း (Grade-11)နှင့် မောင်အီနှူး (Grade-10)တို့က (စာအုပ်စာပေလူ့မိတ်ဆွေ) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များအား အပြန်အလှန်မေးမြန်ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးကြပါသည်။ အဆိုပါလူငယ်စကားဝိုင်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦးနှင့် နည်းပြဆရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)