လားရှိုး ဇွန် ၁၅
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း(လားရှိုး) ဥက္ကဋ္ဌ ဦးသောင်းလွင်က စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့၊ Woman Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုထားသည့် အခန်းကဏ္ဍအလိုက် စာအုပ်ပါ အကြောင်းအရာများဖြင့် အသီးသီးဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း (လားရှိုး) ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ လစဉ် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)