ကျိုက်ထိုမြို့နယ် မူလွန်‌-‌အောင်မင်္ဂလာ (၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ မူလွန်‌-‌ အောင်မင်္ဂလာ (၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်‌ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ဇီးကုန်းမြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများ Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စာမေးပွဲစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း (အထက-ဇီးကုန်း) ၌ ယမန်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန် ၁၄ ရက်နေ့က ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးအတတ်ပညာသင် ကျောင်းသား/သူများရရှိရေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ ရေးအတတ်ပညာသင် ကျောင်းသား/သူများ ရရှိရေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်၌ ရက်(၁၀၀) စီမံချက်အဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့်ပညာပေးခြင်းများကို ဇွန် ၁၂ ရက်က  ကွင်းဆင်းဆောင်ရွက်သည်။

မြစ်သား၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားရေး သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရွှေသူဌေးရပ်ကွက်အတွင်းရှိ အနော်ရထာခန်းမတွင်  ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားရေးနှင့်စပ်လျဉ်း၍ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်းအခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၉ နာရီက ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး  သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များအား  သင်တန်းပို့ချခြင်း အခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ကော့သောင်းမြို့ပေါ် ရပ်ကွက်များ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

ဘားအံမြို့နယ် ဆိုက်လောင်ထောင်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်တွင်ပါဝင်သည့်  အမျိုးသမီးများဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်၁၀ နာရီက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ဆိုက်လောင်ထောင်ကျေးရွာ၌ ကျင်းပသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် ၇နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးအနီးတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်  ရောင်းချပေးကြောင်း သိရသည်။
Subscribe to