ရွှေဘို ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့နံနက် (၁၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောလပြည့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇွန်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၇၅) ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ထွန်းခိုင်