မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင် ဆုံဆို့မေးခိုင်ကာကွယ်‌ဆေးနှင့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံပေး

မရမ်းကုန်း နိုဝင်ဘာ ၁၉

မရမ်းကုန်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု DT နှင့် HPV ကာကွယ်ဆေးထိုးနှံမှု ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေးများထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးမှု(၇၇)ဦး၊ သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံပေးမှု (၃၀)ဦး၊ စုစု‌ပေါင်း(၁၀၇)ဦး ထိုးနှံ‌ပေးခဲ့‌ပြီး ကာကွယ်ဆေးကို အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးများသက်ရှည်ကျန်းမာစေရေးအတွက် လစဥ် (၃)ရက်နေ့၌ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးအပြင် လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)