ဒေးဒရဲမြို့၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဒေးဒရဲ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစပါး စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးငွေညွှန်ကြားချက်၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစတင်၍တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၁၇)အုပ်စု၊ တောင်သူ(၄၉၉)ဦး၏ စိုက်ပျိုးမြေ(၃၃၇၄)ဧကအတွက် ငွေကျပ်(၅၀၆၁၀၀၀၀၀)သိန်း ထုတ်ချေးပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးမည့် တောင်သူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အေဇာလင်း