ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး‌ကျော်နှင့်အဖွဲ့ဝင်တို့က ဒေသဖွံ့ဖြိုးရေး၊ ဆောင်းသီးနှံ၊နေကြာနှင့် ဆီထွက်သီးနှံတို့ကို လျာထားချက်ပြည့်မီ‌ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့‌သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)