ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ပင်လုံ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၂) နာရီအချိန်က ပင်လုံမြို့ အ​ခြေခံပညာအလယ်တန်းကျောင်း ကျူရုံး (မြို့) သို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သူများအား စာပေများ လက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်တတ်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပင်လုံမြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအား အလှည့်ကျသွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)