ဝါးခယ်မ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ စိုက်ပျိုးရေးအသိပညာပေး စခန်း၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များသည် ကြာဖြူကျေးရွာ၊ စိုက်ပျိုးရေးအသိပညာပေးစခန်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ကြာဖြူကျေးရွာ တွင်နေကြာ(၁၀)ဧက စံပြကွက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းတာဝန်ပေးဆောင်ရွက်ခဲ့ပြီး သဲကုန်းကျေးရွာတွင် မြေပဲစံပြကွက်စိုက်ပျိုးနိုင်ရေး၊ တောင်အူချောင်းဖျားကျေးရွာ၊ ကြခတ်ကုန်းကျေးရွား၊ အူကျွန်းကျေးရွာများတွင် နေကြာ၊ မြေပဲစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု၍ တာဝန်များအသီးသီးပေးအပ်ကာ နေကြာမျိုးစေ့များပါ ပေးအပ်ခဲ့ကြောင်းနှင့် စိုက်ပျိုးမည့်နေရာများပါ သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)