ပြည်ကြီးတံခွန်မြို့နယ်၊ အ-လ-က၂၁ ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၉

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါမြို့နယ်ရှိ   အ-လ-က -၂၁ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်ခင်စောလွင်က စာပေဗဟုသုတကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနွယ်အေးချိုက လူငယ်နှင့်အားကစားအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများအတွက် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့်ဘော်လီဘောအစရှိသည့် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာစိုးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)