အုတ်ဖို ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် သတိပြုရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ မိခင်နှင့်ကလေးကျန်းမာရေးဌာနနယ်မြေများရှိ ရပ်ကွက်ကျေးရွာ (၄၄) ခုတွင် ဒေသခံပြည်သူ (၅၅၃) ဦးအား အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေများအလိုက် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်ကာကွယ်ရေးဆိုင်ရာ ဗီနိုင်းပိုစတာများဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)