မဟာအောင်မြေမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ယမန်နေ့နံနက်၁၁နာရီက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်ဆွေဆွေအောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်က လူငယ်နှင့်အား ကစားခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်က အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆွေဆွေအောင်မှ လက်ခံရယူခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း