ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာပေး ဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲများပြုလုပ်

ကျိုက်ထို ‌နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေးစိတ်ဓာတ်များထာဝစဉ်ရှင်သန်နိုးကြားစေရန်နှင့် အမျိုးသားနေ့ကို မမေ့သင့်ကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးကာ ထူးချွန်သူများအားလက်ဆောင်ပစ္စည်းများ ပြန်လည်‌ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ က‌လေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ပြသရာ တက်ရောက်လာသော ကျောင်းသား၊‌ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်