ကလော နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသား၊ တိုင်းရင်းသူအကအဖွဲ့များက "ကလောမြို့က ဖိတ်ခေါ်သံ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ (၁၉)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရအသင်းများအား စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှုးချုပ်ကျော်ကျော်ဟန်၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှုးချုပ်ရန်နိုင်စိုး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဖွင့်ဖောက်ကြေညာပေးခဲ့သည်။ (၁၉)ကြမ်မြောက် ရိုးရာမီးရှော်တိုင်ပထမဆုကို ရပ်ကွက်(၁)ကိုယ်စားပြု ရွှေမြန်မာ မီးရှော်တိုင်အဖွဲ့၊ ဒုတိယဆုကို ရပ်ကွက်(၁၁) ကိုယ်စားပြု မီးနဂါး မီးရှော်တိုင်၊ တတိယဆု(ပူးတွဲ) ရပ်ကွက်(၈) ကိုယ်စားပြု ဘုံစု(ယံ,ကြွား)မီးနှင့် တတိယဆု(ပူးတွဲ) လွယ်အံကျေးရွာကိုယ်စားပြု အင်းပြင်မီးတို့ ရရှိခဲ့သည်။ (၁၉)ကြိမ်မြောက် ရိုးရာမီးကြာစံ ပထမဆုကို ရပ်ကွက်(၁၁) ကိုယ်စားပြု မီးနဂါးအဖွဲ့၊ ဒုတိယဆုကို ရပ်ကွက်(၁၀)ကိုယ်စားပြု မီးဝိဇ္ဇာအဖွဲ့၊ တတိယဆုကို ရပ်ကွက်(၈)ကိုယ်စားပြု ဘုံစု(ယံ,ကြွား)မီးတို့ဖြစ်ပြီး ဆုရရှိသည့်အဖွဲ့များကိုဌာနဆိုင်ရာနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ထို့နောက်(၁၉)ကြိမ်မြောက် မီးရှော်တိုင်နှင့်မီးကြာစံအလှပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မီးပုံးပျံငယ်များပြိုင်တူလွှတ်တင်၍ အခမ်းအနားပိတ်သိမ်းခဲ့ပြီး အဆိုတော်အဖွဲ့များက ဖျော်ဖြေရေးတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)