ပန်းတောင်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ အ.ထ.ကကျောင်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉.၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးထက်အောင်(၁)မှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးအကြောင်း အရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ အ.ထ.ကဥသျှစ်ပင်ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများကျောင်းသား/သူများ စုစုပေါင်အင်အား (၁၆၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)