အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ဝမ်လီ(မူလွန်)ကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုင်းစံမြို့၊ ဝမ်လီ(မူလွန်)ကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် အထွက်နှုန်း မှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲကျင်းပ

စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက် ဧရိယာများတွင်စပါးကို အဓိကစိုက်ပျိုးသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်။ နှစ်စဉ် မိုးစပါးလျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်သော ဒေသတစ်ခုဖြစ်ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး (၂၉၁၅၆) ဧက လျာထားဆောင်ရွက်မှု အပေါ် (၂၉၆၂၅)ဧက စိုက်ပျိုးနိုင်ပြီး လျာထားချက်ထက် (၄၆၉)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ဒေသဝမ်းစာဖူလုံ၍ ပြည်ပတင်ပို့နိုင်ရေး စပါးပန်းတိုင်အထွက် တင်း(၁၀၀) ကျော်ထွက်ရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိသည်။ စပါးတစ်ဧက တင်း(၁၀၀) ကျော်ထွက်ရှိကြောင်း လက်တွေ့ပြသနိုင်ရန် ယမန်နေ့နံနက် ၉ နာရီအချိန်၌  စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာ တောင်သူ ဦးကျော်နိုင်ဦး ၏ ကွင်းအမှတ်(၃၅-ခ)၊ ဦးပိုင်အမှတ် (၁၂၃/၁)၊ မျိုးအမည် (ဆင်းသုခ) ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် (၅)ဧက စိုက်ခင်းတွင် အထွက်နှုန်းမှတ်တမ်းတင် စံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ ကြက်ဟင်းခါးသီးစျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြားလာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက် ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှ သိရသည်။

ဆိပ်ဖြူမြို့(အထ.က) ကျောင်းသား/ကျောင်းသူဟောင်များ၏ (၂၅)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အောင်မြင်စွာကျင်းပရေး ဆွေးနွေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည့်ဆရာကြီး/ဆရာမကြီးများအား (၂၅)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အောင်မြင်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်သည်။

သံတောင်ကြီးမြို့နယ်တွင် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျောင်းသူ၊ ကျောင်းသားများ ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ စိတ်ကြိုက်ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောင်သား/သူများအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်‌စေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်းကျင်းပသော (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ စိတ်ကြိုက်ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပသည်။

တာချီလိတ်မြို့ ကျက်သရေဂုဏ်ဆောင် ရွှေတိဂုံစေတီတော် စိန်ဖူးတော်ကပ်လှူပူဇော်နိုင်ရေး အလှူငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စိန်ဖူးတော်ကပ်လှူပူဇော်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က မရမ်းကျေးရွာအုပ်စု၊ ကျိုက်ပတ်ကျေးရွာ၊ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to