မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။