ဟင်္သာတမြို့နယ်၌ ပျားမွေးမြူရေး သင်တန်းဖွင့်လှစ်ပို့ချ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ယမန်နေ့က ဆီထွက်သီးနှံနှင့်အခြားသီးနှံများ အထွက်တိုးစေရန်အတွက် ဝတ်မှုန်ကူးဝန်ဆောင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပျားမွေးမြူရေး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။