ပြည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မအူတောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာ(မူလွန်)ကျောင်း၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးစန္ဓာက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး တိုးတက်မြင့်မားလာစေရေးအတွက် စာများများဖတ်ရန်လိုအပ်ကြောင်းနှင့် ဘဝရည်မှန်းချက်ထားတတ်ဖို့ လိုအပ်ကြောင်း၊ အသိပညာဟောပြောပြီး ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မတ်စေ့(တီတွဒ်)မှ စာပေနှင့် ဘဝအတွေ့အကြုံ စာရေးဆရာမ မဇူရီ(ပြည်)က စာဖတ်ခြင်း အကျိုးကျေးဇူများ ဟောပြောသည်။
ထို့နောက် မအူတောကျေးရွာအခြေခံပညာ (မူလွန်) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြေကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုး (ပြန်/ဆက်)