သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေး

သာပေါင်း နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိပ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ယနေ့နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ကညင်ချောင်း)ကျောင်း၊ အခြေခံပညာမူလတန်း(တာဦး)ကျောင်း၊ အခြေခံပညာမူလတန်း(ကျွန်းဦး)ကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင်ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်ဝင်း(မိခင်/ကျောင်းကျန်းမာရေးအာဟာရ)နှင့် ကျန်းမာရေးဝန်ထမ်းမတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးတို့ကို ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ(၅၇)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ‌ပေးခဲ့ပြီး မြို့နယ်အတွင်း ထိုးနှံရန်ကျန်ရှိ ကျောင်းများအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်