မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲ​နေ့ အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မိုင်းခုတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ​၊ အမျိုးသားရေးစိတ်ဓာတ်မွေးမြူနိုင်ရေးနှင့် အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်သည့် အခမ်းအနား အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့် ကဗျာများ၊ အခြားအသိပညာပေး စာအုပ်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သက်ငယ်မုဒိမ်းကင်းစင်ရေး ကြိုတင်ကာကွယ် အသိပညာပေးနှင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)