မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေး

မိုင်းရှူး နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။                                                 

ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)