ကျိုင်းတုံမြို့၊ အ.ထ.က(ခွဲ) အ.လ.က(၃)ကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို‌) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အ.ထ.က(ခွဲ)အ.လ.က(၃)ကျောင်း မြတ်ပညာခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို‌) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

‌ဟော‌ပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်း‌ရွှေအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားနေ့နှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် တန်ဖိုးထားတတ်စေရေး၊ စာအုပ်စာစောင်များဖတ်ရှုခြင်း၏ အကျိုးကျေးဇူးကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၉၅ ဦးတက်ရောက်ခဲ့ပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)