ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ အခမဲ့လူနာရှာဖွေကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ပူးပေါင်း၍ နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၀)ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက် ဝင်ဂလုံစေတီဓမ္မာရုံတွင် လူနာရှာဖွေကုသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့နယ် ကလျာဏီရပ်ကွက်ရှိ ဆေးဆိုင်များအား တရားမ၀င်မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ကလျာဏီရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား တရားမ၀င် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရန်ကင်းမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)‌အခြေခံပညာအလယ်တန်းကျောင်း‌‌ခန်းမ‌ဆောင်၌ ကျင်းပခဲ့သည်။

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၉၆၉) ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၅၄) ဦးအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လျာထားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉း၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်၌ အဋ္ဌမအကြိမ်မြောက် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ ညီလာခံအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ငပိချောင်းကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၌ မြန်မာသက်ကြီးဖောင်ဒေးရှင်း၏ အဋ္ဌမအကြိမ်မြောက် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာညီလာခံအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဗ္ဗသီရိမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်၊၊
Subscribe to