မြန်အောင် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ကျောင်းအခြေပြု DT ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က အ.မ.က ယွန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အ.မ.ကယွန်းကျောင်းတွင် DT ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၇ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို DT ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေးထိုးနှံခြင်းနှင့် အသက် ၉ နှစ်မှ ၁၀ နှစ် အတွင်းရှိကျောင်းသူများအား HPV သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့အား မြန်အောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာသင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)