(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ (၁၀၄)နှစ်မြောက်အမျိုးသားနေ့အကြို ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပခဲ့သည်။ ဆက်လက်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ နေ့လယ်(၁၃:၀၀)နာရီတွင် အမျိုးသားနေ့အကြိုဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံခရိုင် community center ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲများ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းခြံခရိုင် community center ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းဆင့်ပုံပြောပြိုင်ပွဲနှင့် အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲ များကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း (TOT) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်တွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား/သူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများအား ကျန်းမာ ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သပန်းကုန်းကျးရွာ ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။

လွိုင်လင်မြို့တွင် Polytechnic University ( Panglong) ဖွင့်ပွဲကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန  Polytechnic University (Panglong) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပပါသည်။

သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာ​ပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား/သူများအား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာ၌  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာတွင် (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to