အောင်မြေသာစံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မန္တလေး နိုဝင်ဘာ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများဖြစ်ကြသော ချမ်းမြသာစည်မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ အောင်မြေသာစံမြို့နယ်ဦးစီးအရာရှိ ဒေါ်စံပါယ်တို့က သင်ကြားပို့ချပးကြမည်ဖြစ်ပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အလယ်တန်းနှင့်အထက်တန်းကျောင်းများမှ ဆရာမ (၂၅)ဦးတက်ရောက်ကြကာ သင်တန်းကို နှစ်ရက်ကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)