မြင်းခြံခရိုင် community center ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲများ ကျင်းပ

မြင်းခြံ နိုဝင်ဘာ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းခြံခရိုင် community center ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းဆင့်ပုံပြောပြိုင်ပွဲနှင့် အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲ များကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ပုံပြောပြိုင်ပွဲများတွင် အ.ထ.က ထနောင်းတိုင်မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဇော်က ကျောင်းသား ကျောင်းသူများအား အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းဆင့် ပုံပြောပြိုင်ပွဲနှင့် အလယ်တန်းဆင့်ပုံပြောပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ မူလတန်းဆင့်တွင် ပြိုင်ပွဲဝင် ကျောင်းသား/သူ(၁၀)ဦးနှင့် အလယ်တန်းဆင့်တွင် ကျောင်းသား/သူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)