ချမ်းမြသာစည် နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်တွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား၌ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က အမှာစကား ပြောကြားရာတွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံသည် စားအုန်းဆီတင်သွင်းနေရာမှ နိုင်ငံတွင်းဆီထွက်နှုန်း ပိုမိုရရှိရေးအတွက် ဝန်ထမ်းများမှ တောင်သူများ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်နှုန်း တိုးတက်စေရေး နည်းပညာများ ပြန်လည်ဖြန့်ဝေရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး အောင်မြေသာစံခရိုင် ဦးစီးမှူး ဦးရဲမင်းသောင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချရ်များအား ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် ခရိုင်ဦးစီးမှူးများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်နှင့် တံတားဦးခရိုင်တို့မှ သင်တန်းသား/သူ စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့