လိပ်သို နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာတွင် (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းပိုင်းမှာ အရှည် ၁၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု (၆) လက်မရှိပြီး ကျောင်းကုန်းကျေးရွာအတွင်းမှ လိပ်သို-မိုင်းလွန် ကွန်ကရစ်လမ်းနှင့်ဆက်သွယ်ထားကာ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားသောလမ်းဖြစ်သည်။
လမ်းတည်ဆောက်မှုလုပ်ငန်း အောင်မြင်ပြီးစီးရန် မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာရှိရွာမိရွာဖတို့ ပူးပေါင်း၍ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်