ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူးနှင့် သာပေါင်းမြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၌ ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မိုးစပါးစံကွက်(၅)ဧကစိုက်ပျိုးဖြစ်ထွန်း ရိတ်သိမ်းထွက်ရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။