ဥတ္တရသီရိမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

ရွာငံမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းများပြုလုပ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ရွာငံမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၊ တောင်ခေါင်းပွာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိဘများနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ကျိုက်လတ်၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် ပွဲတော်ကျင်းပမည့်ကျောင်းအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၅၃ ဦး တက်ရောက်ကြသည်။

မိုင်းဆတ်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်  မိမိတို့နိုင်ငံ၏   အထိမ်းအမှတ်နေ့ရက်များကို အစဉ်အမြဲအမှတ်ရနေစေရန်ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊  မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်မြို့မအူ​တောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မအူတောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် စာရေးဆရာအသင်းတို့ ပူး​ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မောက်မယ်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓါတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏နေ့ထူးနေ့မြတ်ကို အလေးထားသတိရရှိစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်း၌ ယနေ့နံနက် ၉ နာရီခွဲက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
Subscribe to