သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း နိုဝင်ဘာ ၂၁

ကျောင်းသား/သူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများအား ကျန်းမာ ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က "အစာလည်းဆေး ဆေးလည်းအစာ"ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား ဆိုရိုးစကားအရ စားတတ်လျှင် အာဟာရလည်းဖြစ်၊ ကျန်းမာရေး အတွက် ဆေးဖက်ဝင်နိုင်သည်ဆိုသော်လည်း ‌'အစားမတော်တလုတ်'ဟူသော ဝိရောဓိစကားလည်းရှိကြောင်း၊ မစားတတ်လျှင် ဘေးဖြစ်တတ်ကြောင်းကိုမူ သတိထားရန်လိုအပ်ကြောင်း၊ အစားအသောက်ကြောင့် ကျန်းမ ာရေးကိုချို့ယွင်းစေနိုင်၊ ရောဂါရစေနိုင်သောအချက် (၅)ချက်နှင့် ရည်ရွယ်ချက် (၃)ရပ်ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခြင်း၊ အစားအသောက်မှ တစ်ဆင့်ရတတ်သော ရောဂါအမျိုးမျိုးအကြောင်း၊ အစားအစာများကို မပုတ်မသိုး ကြာရှည်ခံအောင်ပြုလုပ်ကြသော အစီအမံများကြောင့်ဘေးသင့်ခြင်း၊ အစားအစာ၌ အတူပါရှိသော ပိုးသတ်ဆေးများအကြောင်း၊ အဆိပ်သင့်ခြင်း၊ ပိုးသတ်ဆေးကြွင်းအများဆုံး အညစ်ညမ်းဆုံးအစားအစာ (၁၂)မျိုး‌အကြောင်း၊ လက်သင့်ခံနိုင်သော အစားအစာပမာဏအမျိုးအစား (၁၅)မျိုးအကြောင်း၊ ချက်ပြုတ်စီမံမှုမှားယွင်းခြင်းအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)