ရမည်းသင်း နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သပန်းကုန်းကျးရွာ ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ရှင်းလင်းပြာကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာပေဖတ်ရှုခြင်းအကျိုးများနှင့် အနာဂတ်အတွက် သားကောင်း၊သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရေးနှင့် ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသရာ တက်ရောက်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)