ဒဂုံ နို၀င်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ (၁၀၄)နှစ်မြောက်အမျိုးသားနေ့အကြို ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပခဲ့သည်။ ဆက်လက်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ နေ့လယ်(၁၃:၀၀)နာရီတွင် အမျိုးသားနေ့အကြိုဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင်အမျိုးသားအောင်ပွဲနေ့ စတင်ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစတီအတ်ဥပဒေပါအကြောင်းအရာများ၊ ဗြိတိသျှတို့ချမှတ်ထားသော ကျွန်ပညာရေးစနစ်ကိုသပိတ်မှောက်ရခြင်းအကြောင်းရင်းနှင့် အမျိုးသားကျောင်းများပေါ်ပေါက်လာပုံအကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိဒေါ်လဲ့လဲ့အေးမှ ဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့နောက် ကျောင်းသားကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ စာအုပ်ပြပွဲများကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ ဟောပြောပွဲများတွင် အ.လ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးနှင့် အ.လ.က(၃)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)