ရမည်းသင်း နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကကြီးမှူး၍ ရွေဒါးကျေးရွာရှိ အမှတ် (၈)အထည်ချုပ်စက်ရုံတွင် အမျိူးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် မီးဘးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးကာ်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းမြို့နယ် မီးသတ်ဦးမှူး ဦးသူရလင်းကသဘာဝဘးအန္တရာယ်နှင့်ရှာ ဖွေကယ်ဆယ်ရေးတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းဦးဆောင်၍ငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား(၁၀)ဦး၊ အမှတ်(၈)အထည်စက်ရုံ ဝန်ထမ်းအင်အား (၅၀) ဦး၊ မွန်မြတ်သူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးသဏ္ဍန်တူလေ့ကျင့်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမောင်ရွေသိန်းနှင့် အဖွဲ့ဝင်များအမှတ်(၈)အထည်စက်ရုံမှ စက်ရုံမှူးနှင့် ဝန်ထမ်းများ၊ မွန်မြတ်သူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များတက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)