မိုင်းဖြတ်မြို့နယ်၌ ​အောင်ဇမ္ဗူဆု​တောင်းပြည့်​ စေတီ​တော်မြတ်​ကြီး ထီးတော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုင်းဖြတ် ​နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများမှ တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီ​တော်မြတ်ကြီးကို အသစ်ပြန်လည်တည်ထား ကိုးကွယ်လျက်ရှိရာ ​စေတီ​တော်မြတ်ကြီး ပြုပြင်မွမ်းမံမှုများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ထီး​တော်တင်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ် န​တ်တော်လပြည့်​နေ့၊ ဒီဇင်ဘာလ (၁၅) ရက်​နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ စေတီ​တော်မြတ်ကြီး ထီး​တော်တင်မင်္ဂလာအခမ်းအနား ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်း ဆရာ​တော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသအမှူထား၍ ဦးစီး​ကော်မတီ၊ လုပ်ငန်း​ကော်မတီများဖွဲ့စည်း၍ ​စေတီ​တော်ပရဝုဏ်အတွင်း ​စေတီငြမ်းဆင်ခြင်းနှင့် အခမ်းအနားပြင်ဆင်​ရေး၊ ဖိတ်ကြား​ရေးလုပ်ငန်းများ စသည့်လုပ်ငန်းများကို ကြိုတင်စီစဥ်​ဆောင်ရွက်​လျက်ရှိ​ပြီး ပွဲ​တော်ကျင်းပသည့်​နေ့တွင် မြန်မာ့​တေးသီချင်းများဖြင့် ဖျော်​ဖြေ​ရေးအစီအစဥ်များလည်း စီစဥ်ထား​ကြောင်း သိရသည်။

အဆိုပါ အောင်ဇမ္ဗူဆု​တောင်းပြည့် ​ စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်‌တော်အမြင့် (၂၂) ပေ၊ (၆) လက်မ၊ ပလ္လင်တော် (၂) ပေ၊ (၆) လက်မဖြင့် တည်ထားကိုးကွယ်လျက်ရှိပြီး ယခုအခါ အသစ်ပြန်လည်ပြုပြင် မွမ်းမံကိုးကွယ်ရာတွင် ဉာဏ်‌တော်အမြင့် (၂၇) ပေ၊ ပလ္လင်တော် (၅) ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူဖြင့် တည်ထားကိုးကွယ်ခြင်း ဖြစ်ပြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကို ၁၃၈၆ န​တ်တော်လပြည့်​နေ့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်​နေ့တွင် စည်ကားသိုက်မြိုက်စွာ စီစဥ်ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)