ဝါးခယ်မ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ KG တန်းတွင် တက်ရောက်နေသော အသက် (၅) နှစ် ပြည့်ပြီး (၇) နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ပညာရေးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)