မိုင်းယန်းမြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောက်ရွက်မည့် လုပ်ငန်း/စီမံကိန်းအဆိုပြုချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်မထည်ဖော်ရေး အတွင်းရေးမှူး ဦးနေမျိုးထက်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ခရိုင်/မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောက်ရွက်မည့် လုပ်ငန်း/စီမံကိန်း အဆိုပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် သက်ဆိုင်ရာဌာန လုပ်ငန်း/စီမံကိန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးချက်များအပေါ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး