ဘားအံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွမှုနှင့်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားခရီးစဉ်ဒေသများ၌ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ရရှိစေရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေး၊ ခရီးသွားပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မီးခိုးမြူငွေ့အန္တရာယ် အကြောင်းသိကောင်းစရာများကို ရှင်းလင်း၍ မမြင်နိုင်သော လူသတ်သမား PM 2.5 မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပါသည်။

အဆိုပါသင်တန်းကို ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနများမှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတွင် ကရင်ပြည်နယ်အတွင်းရှိ သဘာဝအခြေခံခရီးသွား ခရီးစဉ်ဒေသ(၁၁)ခုမှ သင်တန်းသား/သူ (၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်