ကော့သောင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရာသီဥတုပူပြင်းသည့် ကာလများ၌ စက်သုံးဆီများကို မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ သိုလှောင်ရောင်းချနေမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ တပ်ဆင်အသုံးပြုနေမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက မီးသတ်ဆေးဗူးများဖြင့် မီးကိုစနစ်တကျ ငြှိမ်းသတ်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးရေးအတွက် အထူးဂရုပြုကြစေရန်၊ မိမိတို့၏ စက်သုံးဆီ လက်လီ၊ လက်ကားရောင်းချပေးနေမှုအပေါ် မူတည်၍ လုံလောက်ကောင်းမွန်သော မီးသတ်ဆေးဘူးများ ဝယ်ယူထားရှိကြစေရန် သဲကန်၊ ရေကန်များကို စနစ်တကျထားရှိဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)