တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ဘယ်လုပ်လုပ်ကြမလဲ”စာအုပ်ကို အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပရေး ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပရေးဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ သီရိသုဝဏ္ဏပညာခန်းမတွင် ကျင်းပခဲ့သည်။

ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနှမ်းစိုက်ပျိုးမှု (၁၅၈၆) ဧက လျာထားစိုက်ပျိုးပြီးစီး

ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခုနှစ် ​မိုးစပါးစိုက်ပျိုးအပြီး ဆောင်းနှမ်းဧက(၁၅၈၆)လျာထားစိုက်ပျိုးနိုင်သဖြင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦအသစ် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘဲရမ်း၊ နိုင်းပြိုင်ကျေးရွာများတွင် ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေသည့် အခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် Grade-5နှင့် Grade-9 သင် ဆရာ/ဆရာမများအား သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က(ရေတာရှည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်ရှိ ဝန်ထမ်းများအား စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ်ဈေးနှုန်းဖြင့် ပိဿာ(၇၇၀) လက်လီရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတွင် စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဖောင်ကြီး) တွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)၌ ကျင်းပပြုလုပ်သည်။

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ 

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ စေတီတော်ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။
Subscribe to