မင်းဘူး(စကု)မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း အစီအစဉ်များကို မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.ထ.က(၃)၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်(အ.ထ.က)ချင်းမြောင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထကချင်းမြောင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်း က အဆိုပါကျောင်း ပညာရတနာခန်းမတွင်ကျင်းပပြုလုပ်သည်။

ချောက်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊  ချောက်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ခြောက်အိမ်တန်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ စံကိုက်အဆောက်အဦဖွင့်ပွဲအခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူကောင်းကျွန်း ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ခြောက်အိမ်တန်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ စံကိုက်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ခြောက်အိမ်တန်းကျေးရွာ၌ ယမန်​နေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။

ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)တွင် ပိုက်ဆံလျှော်နှင့် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)တွင် ပိုက်ဆံလျှော်နှင့် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း ကွင်းသရုပ်ပြပွဲပြုလုပ် ကျောက်ဆည် ဇန်နဝါရီ ၁၁ သက်မောင်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ အသုံးစရိတ်လျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ အသုံးစရိတ်လျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံကိန်းနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန / အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ဟင်းသီးဟင်းရွက် အထူးဇုန်ဧက(၃၀) စိုက်ခင်းကွင်းသရုပ်ပြခြင်းနှင့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာချီးမြှင့်ပေးအပ်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် အထူးဇုန်ဧက (၃၀)စိုက်ခင်းကွင်းသရုပ်ပြခြင်းနှင့် တောင်သူများအားမျိုးစေ့နှင့်ဓာတ်မြေဩဇာ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ ဟင်းသီးဟင်းရွက်အထူးဇုန်၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည့်တောင်သူများ တက်ရောက်ကြသည်။

ပင်းတယမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်တယမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to