ကရင်ပြည်နယ်ဧည့်ရိပ်သာ ၈၅ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီး မကြာမီဖွင့်လှစ်နိုင်တော့မည်

ကရင်ပြည်နယ်သို့ နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှအထူးဧည့်သည်တော်များ ရောက်ရှိတည်း ခိုနေထိုင်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၆၀၆၁ ဒဿမ ၈၂၁ သန်းဖြင့် ဘားအံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ်အဆောက်အဦနှင့်အခြားဆက်စပ် လုပ်ငန်းများမှာ ယခုအခါ ၈၅ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲ‌တော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့‌နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ငပုတောမြို့နယ်တွင် Grade -5၊Grade -9 သင်ကြား သင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မူလတန်းအဆင့် Grade -5 သင်တန်းနှင့် အလယ်တန်းအဆင့် Grade သင်ကြား သင်ယူမှု ထိရောက်ရေး စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်သည်။

ဟင်္သာတမြို့နယ်တွင် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သမဝါယမအသင်းစုရုံးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ကခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အိမ်မဲမြို့ အ.ထ.က (၂) ကျောင်းတွင် Grade-5/Grade-9 သင်ကြားမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Grade-5/Grade-9 သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟိုပုံးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဟိုပုံး ဇန်နဝါရီ-၁၁ ပအိုဝ်းဒေသ (ပြန်/ဆက်)

ဒိုက်ဦးမြို့နယ်တွင် အခြေခံပညာ Grade - 5 နှင့် Grade-9 သင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြင့်ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အလယ်တန်းအဆင့် Grade - 9 သင်ယူမှု အရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် အခြေခံပညာမူလတန်းအဆင့် Grade - 5 ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် အခြေခံပညာ အလယ်တန်းအဆင့် Grade - 9 ကိုလည်းကောင်း ကျင်းပခဲ့သည်။
Subscribe to