ရေတာရှည် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် Grade-5နှင့် Grade-9 သင် ဆရာ/ဆရာမများအား သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က(ရေတာရှည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် Grade-5 မှသင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၄၁၁) ဦးနှင့် Grade-9 မှ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ(၂၈၆) ဦးအား အ.ထ.က(ရေတာရှည်) တွင် ဇန်နဝါရီ(၁၀) ရက်နေ့မှ ဇန်နဝါရီ(၁၃) ရက်နေ့ထိ၊ သင်တန်းကာလ(၄) ရက်ကြာ သင်တန်းနည်းပြဆရာ/ ဆရာမများက သင်ခန်းစာအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)