ဖြူး ဇန်နဝါရီ ၁၁
ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးအပြီး ဆောင်းနှမ်းဧက(၁၅၈၆)လျာထားစိုက်ပျိုးနိုင်သဖြင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြူးမြို့နယ်အတွင်း မိုးနှမ်းနှင့် ဆောင်းနှမ်းနှစ်မျိုးစိုက်ပျိုးကြပြီး ဆောင်းနှမ်းစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းရတနာ-4 မျိုးကို အဓိကထား၍ အောက်တိုဘာ လနှင့်နိုဝင်ဘာလများမှ စတင်စိုက်ပျိုးခဲ့ကြောင်းနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် ပေါင်ကြီးတင်စိုက်ပျိုးစနစ်၊ အတန်းလိုက်စိုက်ပျိုးစနစ်များဖြင့် စိုက်ပျိုးရေ၊ သွင်းအားစုများအား စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းစနစ်များ ရယူစိုက်ပျိုးခဲ့ရာ ယခင်နှစ်များထက်တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)