သင်္ဃန်းကျွန်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၁

သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ သီရိသုဝဏ္ဏပညာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ပြည်မြန်မာ” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်ပညာ‌ရေးမှူး ဦးထလာချုမ်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဆုရထူးချွန် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာ့ယဥ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် ဆုရရှိသည် ကျောင်းသား၊ ကျောင်းသူများ၊ ကဗျာအလွတ်အကပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားထူးချွန်ဆုရရှိသူများ၊ တိုင်း၊ ခရိုင်အဆင့် စာစီစာကုံးဆုရရှိသူများကို မြို့နယ်ပညာရေးမှူး ဦးထလာချုမ်းနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်း‌ကျောင်း (သု၀ဏ္ဏ) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)