ရန်ကင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၂)ရပ်ကွက်အတွင်းသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။

စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာအထက်တန်းကျောင်း (စကု) တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရေခဲသေတ္တာ(Safe Guard)အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၂/က)၊ စက်မှုလယ်ယာ(၁)လမ်း၊ ၁၃ ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၁:၃၀ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဈေးများတွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်ရှိ လေဟာပြင်ဈေးနှင့် ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ပန်းဈေးတိုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် "လူကြီးနှင့်လူငယ်ကွာဟမှု" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် အ.မ.က (၄) ကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၁) နာရီအချိန်က ပင်လုံမြို့ အ.မ.က (၄) ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ထန်းတပင်မြို့နယ်တွင် ကျင်းပ

ကျောင်းသား၊ မိဘ၊ ဆရာတို့၏ ပူးပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း၊ ကာယ၊ ဉာဏဘက်စုံထူးချွန် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီမြှင့်ခြင်းနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို အတုယူကာ ကြိုးစားဆောင်ရွက်စေရန်အတွက် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်းတွင် ကျင်းပပြုလုပ်သည်။

တာလေမြို့၌ ​ကျေးရွာစာကြည့်တိုက် တည်ဆောက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခွဲအတွင်း မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးရန်ပုံ​ငွေဖြင့် အ​ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြသည်။
Subscribe to